Ò_Ó

My photo
Taunggyi, Shan State, Myanmar (Burma)
Join me on Facebook - Khun Htet Aung Hlaing -

Sunday, January 8, 2012

အမေရိကားရောက် ချစ်သားလေးမှ ချစ်လှစွာသောမိဘနှစ်ပါး ထံပေးစာ

အဖေနဲ့
အမေ ခင်ဗျား ... ကျန်းခံ့သာလို့ မာပါစ။
ဒီမှာတော့ ကျောင်းရောက်တဲ့
ပထမတစ်လလုံးလုံး ဘာစာမှ မသင်ရပါဘူး။ စာသင်ခန်းတွေဆီမှ မသွားဖြစ်လို့၊၊
သွားဖြစ်တဲ့ တစ်ရက်ကလည်း ညဘက် ဖြစ်နေတယ်။ အဲဒီညက
မီးမလာဘူး။ ပြီးတော့
ဆရာလည်း မလာဘူး။

စာသင်တဲ့ တစ်နေ့မှာကျတော့ ဆရာက အတန်းထဲမှာ
ပြောတယ်၊ `ဒီအခန်းထဲမှာ
နလပိန်းတုံးရှိရင် မတ်တတ်ရပ်စမ်းဟေ့´တဲ့။ သားတို့
တစ်တန်းလုံးငြိမ်ပြီး ဘယ်သူမှ မလှုပ်ကြဘူး။ ဒါနဲ့ ခဏနေတော့ သား မတ်တတ်ရပ်လိုက်တယ်။ အခန်းထဲမှာ
ဆရာတစ်ယောက်တည်း ရပ်နေတာကို အားနာလို့။

ကောလိပ်ကျောင်းသားဆိုပြီး ဘောင်းဘီနဲ့
ရှူးဖိနပ်နဲ့ ကျောင်းတက်လို့ မရပါဘူးဗျာ။ သချာင်္တွက်ချိန်ကျလို့
ဆယ်ဂဏန်းကျော်သွားရင် ရှူးဖိနပ်ကို ချွတ်ပစ်နေရတာ
အလုပ်ရှုပ်လွန်းလို့။

ကောလိပ်ကျောင်းမှာ ကျောင်းသူလေးတွေ ချောတယ်။
အဖေတို့ အမေတို့အတွက် ချွေးမလောင်းကိုရွေးပြီး ရည်းစားစာတစ်စောင်
အင်္ဂလိပ်လိုရေးပြီး ပေးလိုက်တယ်။ သားကို အင်္ဂလိပ်လို
တက်လှပြီမထင်နဲ့။
သားမရေးတတ် ပါဘူး။ ဒါပေမယ့် ကိစ္စမရှိဘူး။
ကောင်မလေးကလည်း အင်္ဂလိပ်လို မဖတ်တတ်ဘူး။

စာရေးတာ နားဦးမယ်။ သား သိပ်နေမကောင်းဘူး။
ဟိုတစ်ပတ်က ဆရာက `မင်းတို့ အပြင်စာတွေ
များများ ဖတ်ရမယ်´ဆိုတာနဲ့ ညဘက်အပြင်ထွက်ပြီး စာဖတ်တာ
အအေးမိသွားတယ်။ နေမကောင်းဖြစ်လိုက်တာ ပိန်သွားလို့ ရွာကယူလာတဲ့ ဦးထုပ်တောင်
မတော်တော့ဘူး။ အဲဒါ နောက်စေ့ကို
တူနဲ့ ထုထားရတယ်။ ဒီတော့မှ နောက်စေ့မှာ ဘုထွက်ပြီး ဦးထုပ်က
ကျွတ်မကျတော့ဘူးပေါ့။

ပြီးတော့ မနက်ဖြန်မှာ သားတို့ကို Blood Test
စစ်မယ်ဆိုလို့ ဒီည တစ်ညလုံး စာကြည့်ရဦးမယ်။

ချစ်သား
စာကြွင်း ။ ။ ဒါနဲ့ အမေ၊ နောက်တစ်ပတ်မှာ ဘရစ်နေးစပီးယားစ်အကြောင်း
အရေးတကြီး လေ့လာရဦးမယ်။ အဲဒါပိုက်ဆံလိုတယ် ပို့ပေးပါဦး။

အလွယ်ကူဆုံး Messenger များ

ကျွန်တော်တို့ နိုင်ငံက အခြားနိုင်ငံ တွေလို လိုင်းက မကောင်းတော့
ကောင်းတဲ့ ဘက်ကို ဖြည့်တွေးပေးရင်းနဲ့အခုလို လိုင်းမကောင်းတဲ့အခါ သုံးဖို့
Messenger လေးတွေကို တင်ပေးလိုက်ပါတယ်။
Karoo Lark Web Messenger

LiveGo Messenger

Meebo

Easy Messenger

Saturday, January 7, 2012

အများစု ဖြစ်တတ်တဲ့ Window Error တွေကို အလွယ်တကူ ဖြေရှင်းနည်း

Registry Error ဖြစ်နေပါက...
Start ကို နှိပ်ပြီး Run Box ထဲကို အောက်က စာတန်းလေး ကူးထည့်လိုက်ပြီး Run လိုက်ရုံပါပဲ....။


REG add HKCU\Software\Microsoft\Windows\CurrentVersion\Policies\System /v DisableRegistryTools /t REG_DWORD /d 0 /

အားလုံးအဆင်ပြေသွားပါလိမ့်မယ်...။

အကယ်၍ Task manager has been disable by your administrator ဆိုတဲ့ Error ဖြစ်နေပါက  

Windows Registry Editor Version 5.00

[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\System]
"DisableTaskMgr"=dword:00000000

ဒီကုဒ်လေးကိုnotepad ထဲ ကူး…
ပြီးရင် Desktop ပေါ်မှာ taskmanager.reg ဆိုတဲ့ ဖိုင် နဲ့ Save…ပြီးရင် Run လိုက်ရုံပဲ… လွယ်လွယ်လေးနော်..။


နောက်ဆုံးခံတပ်

အခိုင်ခံ့ဆုံးခံတပ်ကို
ရင်ဘတ်တွေနဲ့ ဆောက်ကြရတယ်။
ထဘီမှန်းသိပါရဲ့
ချမ်းတော့လည်း ခြုံမိပါတယ် ဆိုတဲ့ဆောင်း
ရာဇ၀င်လိပ်ပြာသန့်သူတို့ ရင်ခေါင်းမှာ
ဘယ်တော့မှ မရှိကြစကောင်းလေ...။

ပေါင်မုန့် ရှိတဲ့ အရပ်မှာ
အမှန်တရားရှာသူတွေ ပိုများလာခဲ့
သည်းခြေပျက်တို့ ဇာတာ စန်းလဂ် ကွန့်မြူးစဉ်...။

အမေဘယ်လိုသိပ်သိပ်
ကိုယ်အိပ်မှ ကိုယ်ပျော်မယ့်ညပါ...။

ကိုယ့်မီးအိမ် ကိုယ်ကိုင်မြောက်လို့
ကိုယ့်မီးတောက်ကိုယ်ထွန်းညှိခဲ့ပါတယ်...။

နောက်ဆုံးခံတပ်
ဒီမှာ....
ငါ့ရင်ဘတ်လေ....။

မေတ္တာတမ်းချင်း


ကျေးဇူးတရားဆိုတာ သိပ်မသိတော့
ကျုပ်သမိုင်းရဲ့ မြို့ရိုးကို ဖြိုဖျက်
မြေလှန်တူးဖော် ကြည့်တော့မှ
ဒဏ်ရာတွေ အနန္တနဲ့ ဘဲဥ အစရှာမရသလို ............
တွေးကြည့်ရင် ရင်နာစရာပါ။

နွေးထွေးမှုဆိုလို့
အနွေးထည်ထူထူ တစ်ထည်တောင်မ၀တ်ခဲ့ရဘူး
ကျုပ်သိပ်လိုချင်နေတာ
မော်တော်ကား၊ DVD ၊ ဆိုင်ကယ်၊ TV မဟုတ် 
စိန်၊ ရွှေ၊ ငွေ ဂုဏ်ဓန မဟုတ် 
ခင်ဗျားမှာ ရှိသေးရင်
နားလည်မှု ထမင်းတစ်နပ်
အကြင်နာ ရေအေးအေးတစ်ခွက်နဲ့
မေတ္တာ စောင်ထူထူ တစ်ထည်ပေါ့ .............

တစ်ထည်တည်းနော်၊ တစ်ထည်ပဲ ရပြီ............