မညီတဲ့ ထမ်းပိုး...
စကတည်းက ယဲ့ယဲ့ပဲမို့....
ချစ်ခဲ့မိသူသာ... အပြစ်ရှိခဲ့တယ်ဆိုရင်...
မင်းရော ငါရော ဟာ...အပြစ်မကင်းတဲ့သူတွေချည်းပဲပေါ့ ချစ်သူရယ်...
ခွဲခွာဖို့စိတ်ကူး ဦးဆုံးကို မတွေးခဲ့ဘူးသူက...
ရင်မှာ နင့်အောင် ကြေကွဲပြီး....
လူမသိတဲ့ တိတ်တဆိတ် လမ်းခွဲမှာတော့....
ကဲ... မငိုနဲ့ ချစ်သူ....
Ò_Ó
- ခွန်ထက်အောင်လှိုင်
- Taunggyi, Shan State, Myanmar (Burma)
- Join me on Facebook - Khun Htet Aung Hlaing -
Sunday, January 8, 2012
မိမိ ရဲ့ Computer Desktop ကို အလှဆင်ရအောင်
အရင်ဆုံး Desktop ရဲ့ Icon လေးတွေကို အလှဆင်ရအောင်...
ဒီနေရာ
မှာ Icon လေးတွေကို ရှာ ဒေါင်းနိုင်ပါတယ်...။
ပြီးရင် Mouse Pointer လေး ပြောင်းမယ်ဆိုရင်
ဒီနေရာ
မှာ ကိုယ်ကြိုက်တဲ့ ပုံစံလေးတွေ ယူနိုင်ပါတယ်...။
အကယ်၍သင် ပျင်းသွားပြီး Computer ကို မပိတ်ပဲ ဒီအတိုင်း
ဖွင့်ထားရင်းနဲ့ Screen Saver လေး ထည့်ချင်တယ် ဆိုရင်
ဒီနေရာ
မှာ လိုက် ရှာပြီး ဒေါင်းလိုက်မယ် ဆိုရင် အဆင်ပြေသွားပါလိမ့်မယ်....။
အားလုံးအဆင်ပြေကြပါစေနော်....။
အမေရိကားရောက် ချစ်သားလေးမှ ချစ်လှစွာသောမိဘနှစ်ပါး ထံပေးစာ
အဖေနဲ့
အမေ ခင်ဗျား ... ကျန်းခံ့သာလို့ မာပါစ။
ဒီမှာတော့ ကျောင်းရောက်တဲ့
ပထမတစ်လလုံးလုံး ဘာစာမှ မသင်ရပါဘူး။ စာသင်ခန်းတွေဆီမှ မသွားဖြစ်လို့၊၊
သွားဖြစ်တဲ့ တစ်ရက်ကလည်း ညဘက် ဖြစ်နေတယ်။ အဲဒီညက
မီးမလာဘူး။ ပြီးတော့
ဆရာလည်း မလာဘူး။
စာသင်တဲ့ တစ်နေ့မှာကျတော့ ဆရာက အတန်းထဲမှာ
ပြောတယ်၊ `ဒီအခန်းထဲမှာ
နလပိန်းတုံးရှိရင် မတ်တတ်ရပ်စမ်းဟေ့´တဲ့။ သားတို့
တစ်တန်းလုံးငြိမ်ပြီး ဘယ်သူမှ မလှုပ်ကြဘူး။ ဒါနဲ့ ခဏနေတော့ သား မတ်တတ်ရပ်လိုက်တယ်။ အခန်းထဲမှာ
ဆရာတစ်ယောက်တည်း ရပ်နေတာကို အားနာလို့။
ကောလိပ်ကျောင်းသားဆိုပြီး ဘောင်းဘီနဲ့
ရှူးဖိနပ်နဲ့ ကျောင်းတက်လို့ မရပါဘူးဗျာ။ သချာင်္တွက်ချိန်ကျလို့
ဆယ်ဂဏန်းကျော်သွားရင် ရှူးဖိနပ်ကို ချွတ်ပစ်နေရတာ
အလုပ်ရှုပ်လွန်းလို့။
ကောလိပ်ကျောင်းမှာ ကျောင်းသူလေးတွေ ချောတယ်။
အဖေတို့ အမေတို့အတွက် ချွေးမလောင်းကိုရွေးပြီး ရည်းစားစာတစ်စောင်
အင်္ဂလိပ်လိုရေးပြီး ပေးလိုက်တယ်။ သားကို အင်္ဂလိပ်လို
တက်လှပြီမထင်နဲ့။
သားမရေးတတ် ပါဘူး။ ဒါပေမယ့် ကိစ္စမရှိဘူး။
ကောင်မလေးကလည်း အင်္ဂလိပ်လို မဖတ်တတ်ဘူး။
စာရေးတာ နားဦးမယ်။ သား သိပ်နေမကောင်းဘူး။
ဟိုတစ်ပတ်က ဆရာက `မင်းတို့ အပြင်စာတွေ
များများ ဖတ်ရမယ်´ဆိုတာနဲ့ ညဘက်အပြင်ထွက်ပြီး စာဖတ်တာ
အအေးမိသွားတယ်။ နေမကောင်းဖြစ်လိုက်တာ ပိန်သွားလို့ ရွာကယူလာတဲ့ ဦးထုပ်တောင်
မတော်တော့ဘူး။ အဲဒါ နောက်စေ့ကို
တူနဲ့ ထုထားရတယ်။ ဒီတော့မှ နောက်စေ့မှာ ဘုထွက်ပြီး ဦးထုပ်က
ကျွတ်မကျတော့ဘူးပေါ့။
ပြီးတော့ မနက်ဖြန်မှာ သားတို့ကို Blood Test
စစ်မယ်ဆိုလို့ ဒီည တစ်ညလုံး စာကြည့်ရဦးမယ်။
ချစ်သား
စာကြွင်း ။ ။ ဒါနဲ့ အမေ၊ နောက်တစ်ပတ်မှာ ဘရစ်နေးစပီးယားစ်အကြောင်း
အရေးတကြီး လေ့လာရဦးမယ်။ အဲဒါပိုက်ဆံလိုတယ် ပို့ပေးပါဦး။

အလွယ်ကူဆုံး Messenger များ
ကျွန်တော်တို့ နိုင်ငံက အခြားနိုင်ငံ တွေလို လိုင်းက မကောင်းတော့
ကောင်းတဲ့ ဘက်ကို ဖြည့်တွေးပေးရင်းနဲ့အခုလို လိုင်းမကောင်းတဲ့အခါ သုံးဖို့
Messenger လေးတွေကို တင်ပေးလိုက်ပါတယ်။
Karoo Lark Web Messenger
LiveGo Messenger
Meebo
Easy Messenger
ကောင်းတဲ့ ဘက်ကို ဖြည့်တွေးပေးရင်းနဲ့အခုလို လိုင်းမကောင်းတဲ့အခါ သုံးဖို့
Messenger လေးတွေကို တင်ပေးလိုက်ပါတယ်။
Karoo Lark Web Messenger
LiveGo Messenger
Meebo
Easy Messenger
Saturday, January 7, 2012
အများစု ဖြစ်တတ်တဲ့ Window Error တွေကို အလွယ်တကူ ဖြေရှင်းနည်း
Registry Error ဖြစ်နေပါက...
Start ကို နှိပ်ပြီး Run Box ထဲကို အောက်က စာတန်းလေး ကူးထည့်လိုက်ပြီး Run လိုက်ရုံပါပဲ....။
Start ကို နှိပ်ပြီး Run Box ထဲကို အောက်က စာတန်းလေး ကူးထည့်လိုက်ပြီး Run လိုက်ရုံပါပဲ....။
REG add HKCU\Software\Microsoft\Windows\CurrentVersion\Policies\System /v DisableRegistryTools /t REG_DWORD /d 0 /
အားလုံးအဆင်ပြေသွားပါလိမ့်မယ်...။
အကယ်၍ Task manager has been disable by your administrator ဆိုတဲ့ Error ဖြစ်နေပါက
Windows Registry Editor Version 5.00
[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\System]
"DisableTaskMgr"=dword:00000000
[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\System]
"DisableTaskMgr"=dword:00000000
ဒီကုဒ်လေးကိုnotepad ထဲ ကူး…
ပြီးရင် Desktop ပေါ်မှာ taskmanager.reg ဆိုတဲ့ ဖိုင် နဲ့ Save…ပြီးရင် Run လိုက်ရုံပဲ… လွယ်လွယ်လေးနော်..။
Subscribe to:
Posts (Atom)