ဖျက်မယ်...
မလိုတာတွေဖျက်မယ်...
အသုံးမကျတာတွေ ဖျက်မယ်...
လူလုံးမလှ အသုံးမကျရင်တော့ ဖျက်မယ်...
အချိန်အလကားနေရင်း ဖြုန်းနေတာတွေကိုဖျက်မယ်...
နောက်ဆုံး ငါ့ မာန ကို စော်ကားလာရင်တော့ ဖျက်ရုံတင်မကဘူး... သတ်ပစ်မယ်...
Ò_Ó
- ခွန်ထက်အောင်လှိုင်
- Taunggyi, Shan State, Myanmar (Burma)
- Join me on Facebook - Khun Htet Aung Hlaing -
Sunday, February 19, 2012
အကြိုက်ဆုံး Flash Song များစုစည်းမှုပါ
Venus ( နားထောင်လို့ကောင်းပါတယ်ဆိုတဲ့သူ ကိုမသိပါဘူး)
မြန်မာမလေး (သီချင်းလေးက ရိုးရိုးအေးအေးလေးပါ)
Angel (G3 ရဲ့ နတ်သမီး သီချင်းလေးပါ)
I love you Baby (MC ဝေလင်း ဆိုထားတာပါ)
ဟုတ်လို့လား (ဆိုတေးရဲ့ မီးအိမ်ရှင် Album ထဲက လူကြိုက်များတဲ့သီချင်းလေးပါ)
ရင်ထဲက (ဘန်နီဖြိုး ဆိုထားတာပါ)

သီချင်းတွေအားလုံးကို MM Flash Songs မှာ ရှာဖွေ နားဆင်နိုင်ပါတယ်ခင်ဗျာ...။
မြန်မာမလေး (သီချင်းလေးက ရိုးရိုးအေးအေးလေးပါ)
Angel (G3 ရဲ့ နတ်သမီး သီချင်းလေးပါ)
I love you Baby (MC ဝေလင်း ဆိုထားတာပါ)
ဟုတ်လို့လား (ဆိုတေးရဲ့ မီးအိမ်ရှင် Album ထဲက လူကြိုက်များတဲ့သီချင်းလေးပါ)
ရင်ထဲက (ဘန်နီဖြိုး ဆိုထားတာပါ)
သီချင်းတွေအားလုံးကို MM Flash Songs မှာ ရှာဖွေ နားဆင်နိုင်ပါတယ်ခင်ဗျာ...။
အလွမ်း
လေတိုက်လည်းလွမ်း
မိုးရွာလည်းလွမ်း
စာဖတ်လည်းလွမ်း
အိပ်ရင်းလည်းလွမ်း
လွမ်းပြီးရင်းလွမ်း….
သြော်…
အလွမ်းဆိုတာ
ကိုယ့်နောက်ကအရိပ်လို….
ကိုယ်သွားရာကိုလိုက်
မျက်လုံးထဲကအမှိုက်လို….
(လူကို)
ခိုးလို့ခုလုဖြစ်စေပါလားကွယ်။
မမကိုလွမ်းလွန်းလို့
မမကို လွမ်းလွန်းလို့ ထမင်းမစားနိုင်တာနဲ့ ဒန်ပေါက်ချည်း ဝယ်စားနေရတာ နှစ်ရက်တောင် ရှိပြီ။ ညဖက်ဆိုလည်း မအိပ်နိုင်လို့ မနက်မိုးလင်းမှပဲ တစ်နေကုန် အိပ်နေရတယ်။ လွမ်းလွန်းလို့ မယ်ဒလင်တီးတော့လည်း ဘေးအိမ်က အလိုက်ကန်းဆိုး မသိတဲ့ လူက၊ သူ့အဖွား နေမကောင်းလို့ မတီးပါနဲ့တဲ့။ ဒီနေ့လည်း လွမ်းလွမ်းရှိတာနဲ့ ခိုတွေကို ဆန်ကျွေးပြီး လေးခွနဲ့ ပစ်နေမိတယ်။ မမနဲ့ တွေ့မှ ကြော်စားဖို့ ကြောင်အိမ်ထဲ ထည့်သိမ်းထားတယ်။ * မနေ့က မမကို သတိရနေရင်း ရေခဲချောင်း ဝယ်စားတော့ မမအတွက် ရည်စူးပြီး တစ်ချောင်း ပိုဝယ်လိုက်ပြီးမှ မမ အနားမရှိနိုင်မှန်း သတိရတယ်။ နှစ်ချောင်းကို တစ်လှည့်စီ လျက်ရင်းနဲ့ မမအတွက် တစ်ချောင်းက အရည်ပျော်ပြီး ပြုတ်ကျသွားတယ်။ မြန်မာကားထဲမယ် ဓါတ်ပုံပြုတ်ကျပြီး မှန်ကွဲသလိုပဲ နိမိတ် မကောင်းလိုက်တာ။ ကျနော့်ရဲ့ အချစ်အတွက် သက်မဲ့ ရေခဲချောင်းလေးတောင် စတေးရရှာတယ်။ နောက် ကြုံမှ ကျနော့်ကို တစ်ချောင်း ပြန်ဝယ်ကျွေးပါ...။
Subscribe to:
Posts (Atom)
