Ò_Ó

My photo
Taunggyi, Shan State, Myanmar (Burma)
Join me on Facebook - Khun Htet Aung Hlaing -

Saturday, March 10, 2012

Virus ဆိုသည်မှာ

Animation Image 379273











လူတွေရော အားလုံးပါပဲ တစ်ခုခုဆို Virus လို့ပဲ သိပါတယ်။
အခု ကျွန်တော်က Virus ဆိုတဲ့ Program အကြောင်းကို ဂဃနဏ သိအောင်
ဆရာ မျိုးသူရ စာအုပ်ထဲမှ ကောက်နှုတ်၍ တင်ပြပေးလိုက်ပါတယ်။

Wednesday, March 7, 2012

HD MTV

Selection လုပ်ပေးထားတဲ့ HD သီချင်းကောင်းလေးတွေပါ။ နားဆင်ကြည့်ပါအုံးနော်။
Avicii - Levels




Antivirus တွေကို Free Trial Version အနေနဲ့သုံးချင်သူများအတွက်

AVG Antivirus Version အသစ်

AVG AntiVirus Free 10.0.1204a3402

Rising Antivirus ချစ်သူများအတွက် 

Risingware Exp+ Free Edition 3.0b

 Avast Antivirus သုံးချင်သူများအတွက်

avast! Free Antivirus 5.1.889

Kaspersky 2012 လိုချင်သူများအတွက်

Kaspersky Anti-Virus 2012

(အားလုံးအဆင်ပြေပါစေနော်)

 

 

 

 

 

၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ



"၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်းများ" တဲ့။ ၁၂ နှစ်ကြာအောင် အဖြေရှာခဲ့ရတဲ့ မေးခွန်းတွေက ဘာတွေလဲ။

Gtalk - Theme ပြောင်းမယ်

ဒါလေးကတော့ အားလုံးလည်းသိပြီးသားဖြစ်မှာပါ
မသိသေးတဲ့ သူငယ်ချင်းတွေ အတွက် ဆိုပါတော့
Gtalk Theme လို့ပြောလိုက်ရင် အားလုံးသိပါတယ်....

Java Programming

Java Programming အကြောင်းကို
အလွယ်တကူလေ့လာချင်သူများအတွက်
အောက် က ပေးထားတဲ့ Link တွေမှာ ဒေါင်းနိုင်ပါတယ်...
 
Download mirrorcreator | ifile.it | mediafire | zshare | ziddu

Online မှ 24 ဘာသာ ကိုမြန်မာလို အလွယ်တကူ ပြန်ပေးနိုင်တဲ့ Website များ

အွန်လိုင်းမှ ၂၄ ဘာသာကိုမြန်မာလို အလွယ်တကူ ဘာသာပြန်ပေးနိုင်တဲ့ Website လေးပါ.။
ထူးခြားတာတစ်ခုက Go ဆိုတာလေးကိုနှိပ်လိုက်ရင် အသံထွက်လေးပါ နားထောင်လို့ရပါတယ်ဗျာ။
ဒါက English to Myanmar ပါ   http://www.myordbok.com/
အောက်က Dictionary များကို မိမိအလိုရှိသလိုနှိပ်၍ မြန်မာဘာသာပြန်ခိုင်းနိုင်ပါတယ်
......သုံးကြည့်ကြပါဗျာ.။

Tuesday, March 6, 2012

သိသမျှ ဘောလုံး ၀က်ဘ်ဆိုဒ် များ

ဘောလုံးသတင်းတွေ မြန်မာလို ဖတ်ချင်ရင် Soccer Myanmar Website ကို ကြည့်လိုက်ပါ...။
ဘောလုံးပွဲဘယ်အချိန်လာလဲ ဆိုတာ သိချင်ရင်  LiveScore ဒါမှမဟုတ် Asian Bookie တွင် ကြည့်နိုင်ပါတယ်...။
ကျွန်တော်က မန်ယူ ပရိသတ် ဆိုတော့ Manchester United Website ကို အမြဲတမ်း ကြည့်ဖြစ်တယ်...။
အားကစားသတင်းတွေ ကို အပြည့်အစုံ ကြည့်ချင်ရင် ESPN ၀က်ဘ်ဆိုဒ် မှာ ကြည့်နိုင်ပါတယ်...။
Facebook ပေါ်မှာ ဆိုရင်တော့ ♥Manchëster Uñited♥ မှာ မန်ယူ ချစ်သူ တိုင်း အဖွဲ့ဝင် နိုင်ပါတယ်...။

ပြည့်စုံ ရဲ့ မိနစ်သုံးဆယ် (Album)


ပြည့်စုံ (မိနစ်သုံးဆယ်)

ချစ်ခြင်းမေတ္တာ

  • :heart:
 ချစ်ခြင်းမေတ္တာသည့် သစ္စာတရားကို တန်ဖိုးထားသူများနှင့်သာ ထိုက်တန်သည်။။

:heart:

အပိုင်းအစလေးများ


- နင်ဘယ်သူ ဖြစ်နေတယ်ဆိုတဲ့အတွက်ကြောင့် ငါနင့်ကိုချစ်ခဲ့တာမဟုတ်ပါဘူး ။ နင့်အနားမှာ အမြဲရှိနေ တတ် တဲ့ ငါ ဖြစ်နေတဲ့အတွက် နင့်ကိုချစ်ခဲ့တာပါ ။ နင်ဘာတွေဘယ်လိုပဲဖြစ်နေပါစေ ငါကတော့ ထာဝရ အမြဲ ချစ်နေ မှာပါ ။

- ကမ္ဘာပေါ်မှာ ယောင်္ကျားမိန်းမ လူအားလုံးဟာ သင့်ကို မျက်ရည်ကျအောင်လုပ်ချင်လုပ်နိုင်ပေမယ့် “ သူ ” ကတော့ သင့်ကို ငိုအောင် ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး ။

- သင်လိုချင်တဲ့လမ်း သင်လျှောက်နေတဲ့ လမ်း ကို တစုံတယောက်က မချစ်ပေမယ့် သင့်ကို မချစ်ဘူးလို့ မဆိုလို ပါဘူး ။ သူ “မ”ချစ်တာဟာ သင့်ရဲ့ လမ်း ( Way ) ကိုဖြစ်ပြီး သင် ( You ) ကို မဟုတ်ပါဘူး ။

- စစ်မှန်တဲ့ သူငယ်ချင်းဆိုတာ သင့်ကို လက်ကမ်းပေးပြီး သင့်နှလုံးသားကို ထိတွေ့နိုင်တဲ့ တစ်ယောက်ကို ဆိုလို တယ် ။

- သင်ဝမ်းနည်းတဲ့အခါ ဘယ်တော့မှ မျက်မှောင်မကြုံ့ပါနဲ့ ဘာကြောင့်လည်းဆိုတော့ သင့်ကို ချစ်နေတဲ့သူက သင့် အပြုံးနဲ့ အသက်ဆက်ရှင်သန်နေရလို့ပါ ။

- သူ့အချိန်တွေကို သင့်အတွက် မဖြုန်းပေးနိုင်တဲ့သူတစ်ယောက်အတွက် သင့်အချိန်တွေကိုလည်း သူနဲ့ မဖြုန်း တီးမိပါစေနဲ့ ။

- မှန်ကန်တဲ့ လူတစ်ယောက်ကို မတွေ့ခင်မှာ မှားယွင်းတဲ့ လူများစွာ ကို တွေ့ ဆုံနိုင်ပေ မယ့် နောက် ဆုံးလူတစ်ယောက်ကိုတွေ့ဆုံပြီးရင် ဘယ်လို ချမ်းမြေ့ပျော်ရွှင်စွာ ဘ၀ကို ဖြတ်သန်းရမယ်ဆိုတာ သိလာပါလိမ့်မယ် ။

- ဖြစ်ပြီးခဲ့တာတွေအတွက် ငိုကြွေးမနေပါနဲ့ ဖြစ်လာမယ့်အရာတွေအတွက် သင်ပြုံးလိုက်ပါ ။

- သင့်ကို မယုံကြည်ပဲ နာကျင်စေတဲ့လူတွေရှိနေခဲ့ရင် သူတို့ကို သင့်ဖက်က ယုံကြည်မှု ဆိုတဲ့အရာ ထဲမှာ သော့ခတ်ထားလိုက်စမ်းပါ ။ ဂရုစိုက်မှုတွေနဲ့ ယုံကြည်မှုသာဝန်းရံနေခဲ့ရင် သူတို့ လည်း နောက် တစ်ခါ သင့်ကို ယုံကြည်လာမှာပါပဲ ။

- အရမ်းကြီး ခက်ခဲနာကျင်စွာ မကြိုးစားပါနဲ့ အကောင်းဆုံးဆိုတဲ့အရာတွေဟာ သင် သိပ်မမျှော် လင့်ထား တဲ့အ ချိန်တွေမှ ရောက်လာတတ်တယ် ။

Windows 7 ကိုမြန်အောင် သုံးချင်လျှင်

1 ။   ။Window တွေကို လျင်မြန်စွာပြောင်းလဲအသုံးပြုခြင်း။
Window တွေကိုလျင်မြန်စွာ ပြောင်းလဲအသုံးပြု နိုင်ဖို့အတွက် minimize-maximize animation  တွေကို disable  လုပ်ခြင်းဖြင့်ပြုလုပ်နိုင်ပါတယ်။
Disable လုပ်နည်းကတော့ Start  ကနေ SystemPropertiesPerformance  လို့ရိုက်ပြီး Visual Effects Tab  တွင် Animate windows when minimizing and maximizing  ကို uncheck  လုပ် ပြီး OK  ကိုနှိပ်ရမှာဖြစ်ပါတယ်။

2  ။   ။  Windows 7 boot time ကိုမြှင့်တင်ခြင်း။

အချစ် ဆိုတဲ့အရာ

၁.အချစ်ဆိုတာ တွက်ချက်ရမဲ့ အရာ မဟုတ်ဘူး......

၂.အချစ်ဆိုတာ နောင်တရ ရမဲ့ အရာ မဟုတ်ဘူး......

၃.အချစ်ဆိုတာ ပြန်လှည့်ပြီး လက္ခံရဖို့  မဟုတ်ဘူး....

၎.အချစ်ဆိုတာ အခြေနေတွေကို ချည်နှောင်ရမဲ့ အရာမဟုတ်ဘူး....

၅.အချစ်ဆိုတာ အာမခံ ကတိထားရမဲ့ အရာ မဟုတ်ဘူး...

၆.အချစ်ဆိုတာ မျှော်လင့်ရမဲ့ အရာ မဟုတ်ဘူး.....

၇.အချစ်ဆိုတာ သံသယထားရမဲ့ အရာမဟုတ်ဘူး...

၈.အချစ်ဆိုတာ နှိုင်းယှဉ်ရမဲ့ အရာ မဟုတ်ဘူး...

၉.အချစ်ဆိုတာ စစ်ဆေးရမဲ့ အရာ မဟုတ်ဘူး......

၁၀.အချစ်ဆိုတာ ကံတရားမှာ အပ်နှံထားတဲ့ အရာပဲဖြစ်တယ်!!!!!!


ဒါတွေ အားလုံး ကို သင် သိပြီ ဆိုလျှင် သင် ဟာ အချစ်စစ်ကို သင် ပိုင်ဆိုင်ခွင့် ရမှာပါ...။ :)

Saturday, March 3, 2012

...

For U

ဒီလိုမနေနဲ့
:/
ဒီလိုနေပါနော်
:biggrin

Q တဲ့သူလား ချစ်သောသူလား

မြန်ဆန်လွန်းတဲ့ အင်တာနက်ခေတ်မှာ Q သောသူ နှင့် ချစ်သောသူကို ကွဲကွဲပြားပြား သိဖို့တော့လိုလိမ့်မယ်….

...
Q သောသူ - ညသန်းခေါင် မင်းဆီဖုန်းဆက်ပြီး ညဥ့်နက်သည်အထိ ဖုန်းပြောတတ်တယ်။
ချစ်သောသူ - သင့်ကို ညသိပ်မနက်ဖို့ပြောလိမ့်မယ်။

Q သောသူ - သူကမင်းကို လုပ်စရာရှိတာမလုပ် ခိုင်းဘဲ သွားလည်ဖို့ခေါ်လေ့ရှိတယ်။
ချစ်သောသူ - သူကမင်းကို အလုပ်ကောင်းကောင်းလုပ် ဖို့လောဆော်နေလိမ့်မယ်။

Q သောသူ - မင်းနေမကောင်းချိန်မှာ၊ နားဝင်ချိုတဲ့စကားတွေပြောပြီး မင်းကိုဂရုစိုက်ပြလိမ့်မယ်။
ချစ်သောသူ - မင်းနေမကောင်းချိန်မှာ၊ သူ့ဂရုစိုက်မှုတွေက စိတ်ရှုပ်လောက်အောင်ကို ရှိပြီး ဆရာဝန် အတင်းသွားကြည့်ခိုင်းတတ်တယ်။

Q သောသူ - သူကမင်းကို စကားအကောင်းတွေပြောပြီး မင်းရဲ.နှစ်သက်မှုကိုရယူဖို့ ကြိုးစားလေ့ရှိတယ်၊ မင်းကလဲဒါကိုဘဲ မွေ့လျော်နေတတ်တယ်။
ချစ်သောသူ - သူပြောသမျှစကားတွေက မင်းကိုဂရုစိုက်တဲ့စကားတွေဖြစ်ပြီး အများအားဖြင့် မင်းကို အမိန့်ပေးတာမျိုးနဲ့ပြောလေ့ရှိတယ်။

Q သောသူ - သူကမင်း အလိုကိုလိုက်တတ်ပြီး မင်းပျော်နေရင်ရပြီ။
ချစ်သောသူ - သူကမင်းကို အမှားအမှန်တွေ ခွဲခြားပြတတ်ပြီး မင်းကတော့သူ့ကို တော်တော်လျှာရှည်တတ်သူလို့ သတ်မှတ်တတ်တယ်။

Q သောသူ - သူကမင်းကို အပျော်ဆုံးပေးမယ်လို့ ပြောလေ့ရှိတယ်။
ချစ်သောသူ - သူကတော့ မင်းကို သူနဲ့အတူရှိနေခြင်းဟာ သူ့ရဲ. အပျော်ရွှင်ဆုံးအချိန်ဆိုတာကိုဘဲ ကတိပေးလိမ့်မယ်။

Q သောသူ - သူက မင်းရဲ. လှုပ်ရှားမှု အသေးစိတ်ကို သတိထားလိမ့်မယ်၊ မင်းမှားတာလုပ်မိရင်တောင် မင်းကို ထောက်ပြမှာမဟုတ်ဘူး။
ချစ်သောသူ - သူက မင်းရဲ. လုပ်ပုံကိုင်ပုံ ကို သတိထားပြီးဘယ်နေရာမှာ မှားနေလဲဆိုတာကို ထောက်ပြလိမ့်မယ်။ ဘယ်နေရာမှာ ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုလူတွေနဲ့ဆက်ဆံရမှာကို ပြောပြလေ့ရှိတယ်။

Q သောသူ - မင်းဘာလုပ်နေသလဲ၊ ဘယ်သူနဲ့ တွဲနေသလဲဆိုတာကို ဂရုစိုက်မှာမဟုတ်ဘူး။
ချစ်သောသူ - မင်းဘာတွေလုပ်နေသလဲ၊ ဘယ်သူနဲ့တွဲနေလဲ ဆိုတာကို အရမ်းအလေးထားတတ်ပြီး မင်းကို ဘယ်လိုလူတွေနဲ့ မပေါင်းသင့်ဘူးဆိုတာကို သတိပေးတတ်တယ်။

Q သောသူ - သူကအခုချိန်ကိုဘဲစဉ်းစားတယ်။
ချစ်သောသူ - သူကရှေ့ရေးကိုတောင်မျှော်မှန်းနေပြီး မင်းစိတ်ချမ်းသာအောင် ဘယ်လိုကြိုးစားရမလဲဆိုတာကို တွေးခေါ်တတ်တယ်။

Q သောသူ - သူက ငါမင်းကို ကြိုက်တယ်လို့ ပြောလေ့ရှိတယ်။
ချစ်သောသူ - သူကတော့ ငါမင်းကိုချစ်တယ် လို့ ပြောတတ်တယ်။

တကယ်လို့မင်းသာ တစ်ယောက်ယောက်ကို ချစ်ခဲ့ဖူးတယ် သို့မဟုတ် ချစ်ခံ ခဲ့ ရဖူးတယ်ဆိုရင်တော့ ဒီစာတွေဟာသိပ်ကိုမှန်ကန်တယ်လို့ ခံစားရပါလိမ့်မယ်။

Facebook


Facebook သုံးနေတာပါ... စစ်တိုက်ထွက်တာမဟုတ်ပါဘူး။
Empire & Alliance Request တွေမပို့ပါနဲ့တော့...

လယ်လာထွန်တာလဲ မဟုတ်ပါ...
Farm Ville Request တွေလဲ မပို့ပါနဲ့..

လူမိုက်လဲ မလုပ်လိုပါ..
Mafia Request တွေလဲ မပို့ပါနဲ့..

သာမန်လူပါ မြို့တော်ဝန်လဲ မဟုတ်ပါ..
City Ville Request တွေလဲ မပို့ပါနဲ့..

ဖဲလဲ မရိုက်တတ်ပါဘူး..
Poker Request တွေလဲ မပို့ပါနဲ့တော့..

ဒါပေမယ့် iPhone (or) iPad ပို့မယ်ဆိုရင်တော့ လိပ်စာပေးလိုက်မယ်.. :P

မြန်မာ့ဘောလုံးပွဲ (ဟာသ)


တစ်ခါတုန်းကညောင်ပင်သာဆိုတဲ့ရွာကလေးမှာ ကိုစံလှနှင့်ကိုရင်လှဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိသတဲ့။
သူတို.ဟာနေ.ဘက်ဆိုလယ်ယာလုပ်ငန်းခွင်ကိုဝင်ကာ တစ်နေကုန်တစ်နေကန်း ပင်ပင်ပန်းပန်းနှင့်အိမ်ကမိသားစုကို
ရှာဖွေလုပ်ကျွေးနေကြသတဲ့။သူတို.နှစ်ယောက်ဟာအသောက်အစားလည်းမရှိ ၊
အပျော်အပါးလည်းမမက်မော ၊အလုပ်ကလွဲလျှင်ကျန်တာဘာမှစိတ်မ၀င်စားချေ ။
အဲသူတို.စိတ်ဝင်စားတာတစ်ခုဘဲရှိသည်။
"ဘောလုံးပွဲ"
ဟုတ်သည။် ဘောလုံးပွဲဟုဆိုလာလျှင်သူတို.အရာအားလုံးမေ့ကုန်တော့သည်။


သင်္ချာပညာရဲ့ အလှအပတရား




x
1 x 8 + 1 = 9
12 x 8 + 2 = 98
123 x 8 + 3 = 987
1234 x 8 + 4 = 9876
12345 x 8 + 5 = 98765
123456 x 8 + 6 = 987654
1234567 x 8 + 7 = 9876543
12345678 x 8 + 8 = 98765432
123456789 x 8 + 9 = 987654321

1 x 9 + 2 = 11
12 x 9 + 3 = 111
123 x 9 + 4 = 1111
1234 x 9 + 5 = 11111
12345 x 9 + 6 = 111111
123456 x 9 + 7 = 1111111
1234567 x 9 + 8 = 11111111
12345678 x 9 + 9 = 111111111
123456789 x 9 +10= 1111111111

9 x 9 + 7 = 88
98 x 9 + 6 = 888
987 x 9 + 5 = 8888
9876 x 9 + 4 = 88888
98765 x 9 + 3 = 888888
987654 x 9 + 2 = 8888888
9876543 x 9 + 1 = 88888888
98765432 x 9 + 0 = 888888888

“အလွန်ကိုတော်ပါတယ် ဒါဟာမဟုတ်ပေဘူးလား”
ဒီခေါက်ချိုးညီခြင်းကိုလည်း ကြည့်ပါဦး ။

1 x 1 = 1
11 x 11 = 121
111 x 111 = 12321
1111 x 1111 = 1234321
11111 x 11111 = 123454321
111111 x 111111 = 12345654321
1111111 x 1111111 = 1234567654321
11111111 x 11111111 = 123456787654321
111111111 x 111111111 = 12345678987654321


ယခု ဒီဟာကိုတစ်ချက်ကြည်ပါ
၁၀၁%
ကြပ်ကြပ်တည်းတည်း သင်္ချာရှုထောင့်ကနေကြည့်ကြပါစို့
ဘယ်အရာက၁၀၀%နဲ့ညီပါသလည်း??
၁၀၀%ထက်ပိုပြီးပေးရတယ်ဆိုတာ ဘာကိုဆိုလိုပါသလည်း ?
ဒီထူးခြားတဲ့လူတွေကတော့ သူတို့ဟာ ၁၀၀%ထက်ပိုပြီးပေးနိုင်တယ်လို့
အမြဲတမ်း အံ့သြဖွယ်ရာကောင်းနေပါလား?
၁၀၁% ရရှိတယ်ဆိုတာ ဘယ်လိုပါလည်း?
ကျနော်တို့ရဲ့တည်နေရာတိုင်းမှာ တစ်စုံတစ်ယောက်က သင့်ကို ၁၀၀%ထက်ပိုပြီး
ပေးချင်တယ်ဆိုတာ ရှိနေပါတယ် ။
ဘ၀မှာရော ၁၀၀% နဲ့ဘယ်အရာတွေက ညီမျှပါသလည်း ?
ဒီမေးခွန်းတွေကို ဖြေဖို့ အတွက် ဒီနေရာမှာ သင်္ချာပုံသေနည်းအနည်းငယ်ရှိပါတယ် ။
အကယ်၍

A B C D E F G H I J K L M N O P Q R S T U V W X Y Z
တွေက ဒီဂဏန်းတွေကိုကိုယ်စားပြုတယ်ဆိုပါစို့ …
1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26.
 အကယ်၍
 H-A-R-D-W-O-R- K
8+1+18+4+23+15+18+11 = 98%
ပြီးတော့
K-N-O-W-L-E-D-G-E
11+14+15+23+12+5+4+7+5 = 96%
 
ဒါပေမယ့်
 A-T-T-I-T-U-D-E
1+20+20+9+20+21+4+5 = 100%
 
ကဲဒါဆို ဘုရားသခင်က သင့်ကို ဘုရားသခင်ရဲ့ချစ်ခြင်းဆိုတာကိုတော့

L-O-V-E-O-F-G-O-D
12+15+22+5+15+6+7+15+4 = 101%

 တစ်စုံတစ်ယောက်က ဒါကို တိတိကျကျ မှတ်ချက်ပေးပါလိမ့်မယ်

(အလုပ်ကြိုးစားမှုနဲ့ အသိပညာဟာ သင်နဲ့နီးနီးကပ်ကပ်ရှိမယ်ဆိုရင်

သင်ရရှိမယ့် သဘောတရားကတော့ ဘုရားသခင်ရဲ့ချစ်ခြင်းပဲဖြစ်ပြီး

သင်ဟာ အရာအားလုံးရဲ့ထိပ်ဆုံးကိုရရှိမှာဖြစ်ပါတယ် )

သတိထားရမယ့် မိန်းကလေး တို့ရဲ့ ညို့ချက်များ


ညို့ချက် (၁)
တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါ
ယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ် "သိတံ" လို့ ခေါ်တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)

ညို့ချက် (၂)
တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက်
နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။ (မကြားတကြားနဲ့ သတိထားရမယ့် ဆည်းလည်းသံလေးတွေပေါ့)

ညို့ချက် (၃)
တစ်ချို့ မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင်
ကြောက်ပြ၊ စိုးထိတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။ (အားကိုးခံချင်တဲ့ ယောက်ျားလေးတွေအကြိုက်ပေါ့ဗျာ နောက်မှ(ညားပြီးမှ) မိန်းမကြမ်းကြီးဖြစ်နေတတ်မို့ သတိရှိ ဟိဟိ)

ညို့ချက် (၄)
တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။
လျှာတစ်လစ်ထုတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်လေး "လဇ္ဇ" လို့ခေါ်တယ်။ (ကလေးဆန်တယ် ချစ်စရာကောင်းတယ်ဆိုပြီး အသည်းယားရင်း ယားရင်း ချစ်သွားတတ်တဲ့ ပုံစံမျိုးပေါ့။ သတိထားကြနော် လျှာတစ်လစ် ထုတ်တုန်းက ချစ်စရာကောင်းခဲ့ပြီး ညားပြီးမှ အဲဒီလျှာကပဲ ဗျစ်တောက် ဗျစ်တောက် မြည်တွန်တတ်တယ်ဆိုတာ …..အဟဲဟဲ)

ညို့ချက် (၅)
တစ်ချို့မိန်းကလေးတွေကျတော့ စကားကို
မကြားတစ်ကြားဖြစ်အောင်လုပ်ပြောတတ်တယ်။ အဲ့ဒါကတော့ ညှို့ချက် နံပါတ်ငါး"မန္ဓ၀ါစာ" လို့ခေါ်တယ်။ (ချစ်တယ်ဆိုတဲ့ အဖြေကို မပေးချင်ပေးချင် ပေးရတဲ့ လေသံမျိုးပေါ့ နောက်တော့လည်း အတင်းအဖျင်းပြောရင် အသုံးဝင်လာတတ်တဲ့ ညို့နည်းလေးပေါ့)


ညို့ချက် (၆)
မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။ (ရုပ်ရှင်တွေထဲမှာ အနှေးရိုက်ပြရင် သိပ်ကိုကြည့်ကောင်းတဲ့ ပုံစံမျိုးပေါ့ ညားပြီးတဲ့အခါမှ ထောင့်ကပ်ကြည့်တာမဟုတ်ဘဲ မျက်စောင်းတွေချည်း တဒိုင်းဒိုင်းအထိုးခံရနေနိုင်တဲ့ အကြည့်မျိုးပါ ဟဲ ဟဲ)

ညို့ချက် (၇)
မျက်ရည်ကျပြတာက ညို့ချက်ခုနှစ် "ရုဒါ"တဲ့။ (သနားရာကနေ ဟင်း ဟင်း ဟင်း ချစ်မိသွားတယ်ဆိုတာမျိုးပေါ့ မျက်ရည်ဆိုတာက မိန်းမတွေရဲ့ လက်နက်လေ အဲဒီလက်နက်နဲ့လည်း ကိုယ်တွေကို ခြွေသွားတတ်တယ်နော်)

ညို့ချက် (၈)
မခံချင်အောင် စကားနာထိုးတာက ညို့ချက်ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။ (စကားနာထိုးစဉ်က မနာဘဲ ပိုပိုချစ်တတ်တဲ့လူတွေ အိမ်ထောင်ကျပြီးတော့ အရမ်းနာတတ်တဲ့ ညို့ချက်လေးပါ အဟိ)

အခုဖော်ပြခဲ့တာကတော့ ယောက်ျားလေးတွေကို ကျအောင်ညို့ နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျိုးပါ။
သတိထားပြီး အမျိုးသားများ လွတ်အောင်သာ ရှောင်ကြပေတော့ မရှောင်ချင်ရင်လည်း လာမယ့်ဘေး ပြေးတွေ့လိုက်တာပေါ့။

Connection ပိုကောင်းလာအောင်


မြန်မာနိုင်ငံရဲ့ နှေးကွေးလှတဲ့ အင်တာနက် ကွန်နက်ရှင်ကို ပိုမိုမြန်ဆန်စွာ သုံးချင်ကြတာ လူတိုင်းအားလုံးပါပဲ။ ယခု နည်းလမ်းကတော့ ၂၀ ရာခိုင်နှုန်းလောက်တော့ မြန်လာနိုင်ဖွယ် ရှိပါတယ်။ ဘာပဲပြောပြော 20 % လည်းမဆိုးဘူးမို့လား။ ဒါက အများသူငါ သိကြတဲ့နည်းလေးပါ။ စမ်းကြည့်ပေါ့နော်။ နောက်ပိုင်းမှာ နိုင်ငံတော်က အင်တာနက်ကော်နက်ရှင်တွေကောင်းအောင်လုပ်ပေးမယ်လို့တော့ပြောတာပဲ။ ဒါဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ လောလောဆယ်တော့ ဒီနည်းလမ်းနဲ့ပဲရောင်ရဲကြအုံးစို့။

1. Start Menu--->> Click Run(windows key နဲ့ r ကိုတွဲနှိပ်လည်းရပါတယ်) ကိုရွေးပါ။
2. gpedit.msc ရိုက်ပါ။
3. Enter ခေါက်ပါ။
4. ဘယ်ဘက်ခြမ်းက Computer Configura tion ကို Expand လုပ်ပါ။
၅. Administr ative Templates ကို Expand လုပ်ပါ။
၆. Network ကို Expand လုပ်ပါ။
၇. Qos Packet Scheduler ကိုရွေးပါ။
၈. ပြီးလျှင် ညာဘက်ခြမ်းက Limit Reservabl e Bandwidth ဆိုတဲ့စာကြောင်းပေါ်မှာ double Click နှိပ်ပါ။
၉. Limit Reservabl e Bandwidth Propertie s box မှာ Enableoption ကိုရွေးပါ။
၁၀. Bandwidth Limit [%] box မှာ 0% ကို 20 % ပြောင်းပြီး ok နှိပ်ထွက်ပါ။ တစ်ချို့တွေက20%မှာ..40တွေ50လုပ်ကြပါတယ်…..တကယ်တော့20%ထက်ပိုမရပါဘူး။
နောက် Run box ထဲမှာ %temp%, Prefetch, recent စတာတွေကို တစ်ခုချင်းရိုက်ထည့်ပြီး Shift+Delete နဲ့အကုန်သာဖျက်ပစ်လိုက်ပါ။ အင်တာနက်ကော်နက်ရှင်
သိသိသာသာမြန်ဆန်လာတာတွေ့ရပါလိမ့်မယ်။ အားလုံးအဆင်ပြေချောမွေ့ကြပါစေဗျာ။

Nero 8 အသုံးပြုပုံ


Copy Disc (ခွေပွားနည်း)
1st Step – Open Nero Start Smart
2nd Stpe – Chose Rip & Burn => Copy Disc
3rd Step – Chose … Copy Entire CD/DVD
4th Step – Find > Writing Speed
CD => 24x
DVD => 8x
Chose Number of copies 1,2,3…etc
5th Step – Click Copy
Waiting for Disc Ejact Automatically…
Last Step – Insert Disc
Complete OK…

Burn Data Disc (စက်ထဲမှ File များကို ခွေအလွတ်ထဲသို့ Burn ထုတ်နည်း)
1st Step – Rip & Burn => Burn Data Disc
2nd Step – Data CD/DVD
3rd Step – Add ကိုရွေးပြီး လိုချင်သည့် Data များကို ရှာထည့်ပါ…
4th Step – Next ကို ရွေးပါ…
5th Step – Writing Speed တွင် CD ကို 24x
DVD ကို 8x ရွေးပေးပါ…
Last Step – Burn
Complete…