Ò_Ó

My photo
Taunggyi, Shan State, Myanmar (Burma)
Join me on Facebook - Khun Htet Aung Hlaing -

Monday, October 31, 2011

ချစ်သူ

မဆွဲဘဲမြင်ရတဲ့ “ပန်းချီတစ်ချပ်”
မစပ်ဘဲ ခံစားရတဲ့ “ကဗျာ”
ဘာမှမရှိတဲ့ “ပြည့်စုံမှု”
သူ့မျက်ဝန်းထဲမှာ တွေ့ပါတယ်။  
မထွင်းဘဲပေါ်တဲ့ “ပုံရိပ်”
မအိပ်ဘဲ ရတဲ့ “အိပ်မက်ရှည်”
မသိဘဲ ဖြစ်တဲ့ “ပန်းတစ်ကုံး”
သူ့အပြုံးမှာ ရှိပါတယ်။
မဆိုဘဲ ကြားတဲ့ “တေး”
မရေးဘဲ ထင်တဲ့ “စာ”
မသာဘဲ လင်းတဲ့ “လ”
သူနဲ့ ကျမှ ကြုံဖူးတယ်....။

No comments:

Post a Comment