Ò_Ó
- ခွန်ထက်အောင်လှိုင်
- Taunggyi, Shan State, Myanmar (Burma)
- Join me on Facebook - Khun Htet Aung Hlaing -
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Friday, August 31, 2012
Thursday, August 16, 2012
ချစ်ခြင်းမေတ္တာ
သိလွန်းလို့ တတ်လွန်းလို့တော့မဟုတ်ပါဘူး...
ဒါပေမယ့် ချစ်ခြင်းမေတ္တာကိုတော့ အဓိပ္ပါယ်ဖွင့်ပါရစေ...

ဒါပေမယ့် ချစ်ခြင်းမေတ္တာကိုတော့ အဓိပ္ပါယ်ဖွင့်ပါရစေ...
Monday, October 31, 2011
မေတ္တာထားတတ်ကြပါစေ။
ရင်ထဲကမီးကို
မေတ္တာတရားလေးနဲ့
ငြိမ်းသတ်လိုက်ပါ။
ဘယ်သောအခါမှ
ရှင်သန်နေသော
မေတ္တာတရားကို
ဥပေက္ခာပြုဖို့
မကြိုးစားလိုက်ပါနဲ့။
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှု ရှိတယ်လေ။
မာန
မာန.... တဲ့
စကားလုံးလေးက ရိုးရှင်းတယ်။
ဒါပေမယ့်
လူသားတွေအပေါ် အစိုးမိုးဆုံးအရာ။
သဘာဝကို
ပျက်စီးစေတဲ့အရာ။
သိသိကြီးနဲ့
မိုက်နေခဲ့တာ
အဲဒီ မာနတွေကြောင့်ပဲလား.......?
အနည်းငယ်သော အကျည်းတန်ဒဏ်ရာလေးတစ်ခု
နှလုံးသွေးနှင့်ရင်းပြီး
ရရှိလာတဲ့
ငါ့ရဲ့ဒဏ်ရာတွေကို
ဘယ်တော့များမှ
ကုစားလို့ ရနိုင်ပါ့မလဲ။
အချိန်တန်ရင်
အိမ်ပြန်ရမယ်ဆိုတာ
လူတိုင်းသိတဲ့
လောကနိယာမတစ်ခုပါ။
ဒါပေမယ့်
ငါလေ
ဂရုမစိုက်ပါဘူး
ဒဏ်ရာတွေကို ထွေးပိုက်ရင်းနဲ့
ဘ၀ခရီးကို ရှေ့ဆက်မယ်။
Subscribe to:
Posts (Atom)