Ò_Ó

My photo
Taunggyi, Shan State, Myanmar (Burma)
Join me on Facebook - Khun Htet Aung Hlaing -

Saturday, March 3, 2012

မြန်မာ့ဘောလုံးပွဲ (ဟာသ)


တစ်ခါတုန်းကညောင်ပင်သာဆိုတဲ့ရွာကလေးမှာ ကိုစံလှနှင့်ကိုရင်လှဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိသတဲ့။
သူတို.ဟာနေ.ဘက်ဆိုလယ်ယာလုပ်ငန်းခွင်ကိုဝင်ကာ တစ်နေကုန်တစ်နေကန်း ပင်ပင်ပန်းပန်းနှင့်အိမ်ကမိသားစုကို
ရှာဖွေလုပ်ကျွေးနေကြသတဲ့။သူတို.နှစ်ယောက်ဟာအသောက်အစားလည်းမရှိ ၊
အပျော်အပါးလည်းမမက်မော ၊အလုပ်ကလွဲလျှင်ကျန်တာဘာမှစိတ်မ၀င်စားချေ ။
အဲသူတို.စိတ်ဝင်စားတာတစ်ခုဘဲရှိသည်။
"ဘောလုံးပွဲ"
ဟုတ်သည။် ဘောလုံးပွဲဟုဆိုလာလျှင်သူတို.အရာအားလုံးမေ့ကုန်တော့သည်။



ဘောလုံးပွဲအားအရူးအမူးစွဲလမ်းကြသူများဖြစ်သည်။
ဘောလုံးပွဲအကြောင်းဆိုလျှင်မြန်မာဘောလုံးအကြာင်းသာမကကမ္ဘာ.ဘောလုံးအကြောင်းပါမသိတာဘာမှမရှိ။
ယခုအခါသူတို.ရွာလေးတွင်တိုးတက်လာတာနှင့်အမျှ နှစ်ပေစလောင်းများတပ်ဆင်ကာ အင်္ဂလန်တွင်ကန်သောဘောလုံးပွဲများကို
ကောက်ရိုးပုံရှေ့မှနေ၍တိုက်ရိုက်ကြည့်ရှုလို.ရနေလေပြီ။ဘောလုံးပွဲရှိသောနေ.များဆိုလျှင်ကိုစံလှနှင့်ကိုရင်လှတို.ဟာအလုပ်စောစောသိမ်းကာ
ဘောလုံးပွဲပြသောရွာထိပ်ကလ္ဘက်ရည်ဆိုင်ရှေ့သို.အရင်ဦးဆုံးရောက်ရှိနေကြပေသည်။
ကိုစံလှဟာမန်ချက်စတာယူနိုက်တက်ဘောလုံးသင်းရဲ့နည်းပြကြီးဖာဂူဆန်ကို အရမ်းနှစ်သက်သူတစ်ဦးဖြစ်သည်။
သူ.နာမည်ထဲမှာပါတဲ့စံတစ်လုံးကိုယူပြီးသူ.ကိုယ်သူဖာဂူစံလို.နာမည်ပြောင်းထားသည်။
လ္ဘက်ရည်ဆိုင်သွားလို.ဟာကိုဖာဂူစံလာပြီလို.နှုတ်ဆက်လျှင်အဲဒီဝိုင်းကိုသူရှင်းပေးလိုက်သည်။
ဖာဂူဆန်အကြောင်းနဖူးကအစခြေမအဆုံးမသိတာဘာမမရှိ ၊
နောက်ဆုံးဖာဂူဆန်စားသည့်ပီကေ၏တံဆိပ်ကအစသိသည်။
အဲကိုရင်လှကျတော့ ဖာဂူဆန်ရဲ့ပြိုင်ဘက် ပေါ်တူဂီလူမျိုးနည်းပြမော်ရင်ညိုကို အရမ်းအားကျသူတစ်ယောက်ဖြစ်သည်။
သူ.နာမည်ကိုလည်းကိုရင်ညိုဆိုပြီးပြောင်းထားသေးသည်။
အမြဲတမ်း Longcoat ကြီးဝတ်ထားပြီး ဆံပင်တွေကိုမဖြူဖြူအောင်ဆေးဆိုးထားသည်။
ဘောလုံးပွဲထိုင်ကြည့်လျှင်လည်း မော်ရင်ညိုစတိုင်ဆိုပြီးမျက်နှာကြီးကိုအမြဲတမ်းရှုံမဲ့ပြီးကြည့်တတ်တယ်။
ကိုစံလှ ခေါ် ဖာဂူစံနှင့်ကိုရင်လှ ခေါ် ကိုရင်ညိုတို.ဟာကျန်တဲ့အချိန်မှာသူငယ်ချင်းတွေဆိုပေမယ့်
ဘောလုံးပွဲကြည့်တဲ့အချိန်ကြရင်တော့ငါ့ဖာဂူဆန်ကပိုတော်တယ်ငါ့မော်ရင်ညိုကပိုတော်တယ်စသဖြင့်
အမြဲတမ်းငြင်းခုန်နေကြပြီးတခါတလေထထိုးကြလို.ဘေးလူတွေက၀ိုင်းဆွဲပေးရသေးတယ်။
ဘောလုံးပွဲကိုအရူးအမူးဝါသနာပါကြတဲ့ ဖာဂူစံ နှင့်
ကိုရင်ညိုတို.ဆီမှာသက်တူရွယ်တူသားတစ်ယောက်ဆီရှိကြတယ်။
ဖာဂူစံရဲ.သားနာမည်က တိုလေး တဲ့။
တိုလေးဆိုတော့ဘယ်နေရာတွေတိုနေလို.လဲလို.ထင်ကြပါလိမ့်မည်။
ဘယ်နေရာမှမတိုပါ။အကုန်လုံးရှည်ပါသည်။
(လက်တွေခြေထောက်တွေကိုပြောတာပါ)
ကမ္ဘာကျော်ဘောလုံးသမားခရစ်တီရာနိုရော်နယ်ဒို ခေါ် ဒိုလေးကိုကြိုက်လို.ဆိုပြီး
တိုလေးလို.ပေးထားတာပါ။
အစကတော့သူ.မိန်းမမိတိုးနာမည်ပါအောင်တိုးလေးလို.ပေးထားတာပါ။နောက်ပိုင်းခေါ်ရင်းခေါ်ရင်းနှင့်တိုလေးဆိုပြီးဖြစ်သွားတာပါ။
နောက်တစ်ယောက်ကိုရင်ညိုရဲ့သားနာမည်ကျတော့ မတ်စိ တဲ့။
မတ်စိဆိုတော့ကျွန်တော်တို.ငယ်ငယ်တုန်းက အင်းမဟုတ်ပါဘူး
ကျွန်တော်တို.အဖေငယ်ငယ်တုန်းက အင်းဒါလည်းမဟုတ်သေးပါဘူး
ကျွန်တော်တို.အဖိုးငယ်ငယ်တုန်းကသုံးတဲ့အကြွေမတ်စိကိုဆိုလိုခြင်းမဟုတ်ပါ။
ကမ္ဘာကျော်ဘောလုံးသမားဘာစီလိုနာတိုက်စစ်မှုး မက်ဆီကိုသဘောကျလို.
မတ်စိလို.ပေးထားခြင်းဖြစ်ပါသည်။
အရင်တုန်းကညောင်ပင်သာရွာလေးမှာဘောလုံးကိုစိတ်ဝင်စားတာဆိုလို.ဖာဂူစံနှင့်ကိုရင်ညိုတို.နှစ်ယောက်သာရှိသော်လည်း ယခုအခါညောင်ပင်သာတစ်ရွာလုံးဘောလုံးကိုစိတ်ဝင်စားလာကြလေပြီ။ အကြောင်းမှာမြန်မာဘောလုံးလောကအား
အပျော်တမ်းစနစ်မှဆုကြေးစားစနစ် (PRO)သို.ကူးပြောင်းလိုက်ခြင်းကြောင့်ဖြစ်လေသည်။
ဘောလုံးသမားများ၏ဘ၀များမှာလည်းနေ.ချင်းညချင်းပြောင်းလဲသွားသည်။ထင်ပေါ်ကျော်ကြားလာကြသည်။
ဘောလုံးသမားများ၏တစ်လ၀င်ငွေမှာလည်းဆယ်သိန်းဆိုလည်းဟုတ် ၊ သိန်းနှစ်ဆယ်ဆိုလည်းဟုတ် ၊
သိန်းသုံးဆယ်ဆိုလည်းဟုတ်နေသည်။အရင်တုန်းကအင်ဂျင်နီယာ ၊ ဆရာဝန် ၊
သင်္ဘောသားများကိုသာကြိုက်နှစ်သက်ကြလေ့ရှိသော
ကောင်မလေးများကလည်းအခုဆိုရင်ဘောကိုကိုမှဘောကိုကို ဖြစ်နေကြပြီ။
ညောင်ပင်သာရွာလေးတွင်လည်းအခုဆိုဘောလုံးဆိုလျှင်လူတိုင်းစိတ်ဝင်စားလာကြသည်။
ရွာအနှံ့တွင်လည်းဘောလုံးပွဲများနှင့်စည်ကားနေသည်။ မိဘများကလည်းမိမိတို.၏ကလေးများကိုဘောလုံးကစားရန်အားပေးသည်။
အိမ်ပြန်စာကျက်လျှင်ရိုက်သည်။
"ငါတို.ကနင့်ဘ၀ကိုကောင်းစားစေချင်လို.ဘောလုံးသွားကန်ခိုင်းတာနင်ကစာဘဲကျက်ချင်နေတယ်ပေါ့၊
အေးနင့်ထိုက်နဲ.နင့်ကံဘဲ ၊ လမ်းဘေးရောက်ချင်တဲ့ကောင် "
ဆိုပြီးမြည်တွန်တောက်တီးတတ်သည်။
ရွှာတောင်ပိုင်းကကျောင်းဆရာလေးကိုလှရိုးဆိုလျှင်သူ.သားကိုဘောလုံးသမားဖြစ်စေချင်လို. ဆိုပြီးဘောလုံးဘဲကစားခိုင်းတာ
ကောင်လေးကဂျစ်ကန်ကန်နှင့်စာဘဲကျက်မယ်လုပ်နေတယ်။ အေးလေကျောင်းဆရာသားဆိုတော့လည်းမျိုးရိုးလိုက်ပြီး
စာဘဲကျက်ချင်နေတာပေါ့။ကျောင်းဆရာလေးကိုလှရိုးခမျာလည်းဘယ်လိုမှဆုံးမ၍မရ။ ဘောလုံးမကစားဘဲစာကျက်လျှင်
ထမင်းမကျွေးဟုပြောလျှင်လည်းဟိုကောင်ကအငတ်ခံကာစာကျက်သည်။နောက်ဆုံးဘယ်လိုမှပြောမရသည့်အဆုံးလက်လျှော့လိုက်ရသည်။
ယခုအခါညောင်ပင်သာရွာကလေးတွင်ဘောလုံးကိုလူတိုင်းစိတ်ဝင်စားလာသလိုဘောလုံးအဖွဲ.ချုပ်တစ်ခုကိုလည်းဖွဲ.စည်းလိုက်
ကြသည်။ဥက္ကဌအဖြစ်သူကြီးဦးဖိုးစိန်မှတာဝန်ယူသည်။ သူ.နာမည်ကိုလည်းကမ္ဘာ.ဘောလုံးအဖွဲ.ချုပ်ဥက္ကဌဘလတ္တာကို
အားကျလို.ဆိုပြီးဘလိတ်ဓားလို.ပြောင်းလိုက်သည်။"အေးလေရှင်ကသူကြီးဘဲလုပ်ပေါ့" ဆိုတဲ့အသံများလည်းထွက်လာသည်။
ဘယ်လိုဘဲဖြစ်ဖြစ်ဥက္ကဌဘလိတ်ဓား၏ဦးဆောင်မှုဖြင့်မတ်စိ၊တိုလေးတို.လို ဘောလုံးပါရမီရှင်များကိုရွေးချယ်ကာ
"ညောင်ပင်သာယူနိုက်တက်"ဟူသောဘောလုံးအသင်းကြီးကိုဖွဲ.စည်းနိုင်ခဲ့သည်။
ဘောလုံးအသင်းဖွဲ.စည်းပြီးနောက်ပြဿနာတစ်ခုတက်လာသည်။
ဘောလုံးအသင်းကိုမည်သူနည်းပြမည်ဆိုသောဖာဂူစံနှင့်ကိုရင်ညိုတို.ရဲ့ပြဿနာပင်ဖြစ်သည်။ နှစ်ယောက်စလုံးကလည်းသူနည်းပြမည်၊
ငါနည်းပြမည်ဆိုပြီးမည်သူမျှအလျှော့မပေး။
နောက်ဆုံးဥက္ကဌဘလိတ်ဓား၏ညှိုနှိုင်းပေးမှုဖြင့်တစ်ယောက်တစ်ပိုင်းစီနည်းပြခွင့်ရရှိ
ကြသည်။ဥပမာဖာဂူစံကပထမပိုင်း၄၅မိနစ်နည်းပြရလျှင်
ကိုရင်ညိုကဒုတိယပိုင်း၄၅မိနစ်နည်းပြရမည်ပေါ့။
ဤသို.ဖြင့်ညောင်ပင်သာယူနိုက်တက်ဘောလုံးအသင်းသည်ပထမပိုင်းနည်းပြတစ်ယောက်၊
ဒုတိယပိုင်းနည်းပြတစ်ယောက်ထားသောပထမဆုံးဘောလုံးအသင်းအဖြစ် ကမ္ဘာ.ဘောလုံးသမိုင်းတွင်မှတ်တမ်းဝင်သွားသည်။
ဒီလိုနှင့်ညောင်ပင်သာယူနိုက်တက်ဘောလုံးအသင်းလေးသည်အဖွဲ.ချုပ်ဥက္ကဌဘလိတ်ဓား၏ဦးဆောင်မှု၊
ဖာဂူစံနှင့်ကိုရင်ညိုတို.၏တစ်ယောက်တစ်ပိုင်းစီထူးခြားဆန်းကြယ်သောနည်းစနစ်များဖြင့်လေ့ကျင့်သင်ကြားမှု၊
တိုက်စစ်မှုးများဖြစ်သောမတ်စိနှင့်တိုလေးတို.၏ခြေစွမ်းပြမှုများဖြင့်ကျေးရွာပေါင်းစုံဘောလုံးပွဲများတွင်အောင်ပွဲအလီလီခံနိုင်ခဲ့သည်။
ယခုလည်းမြို.နယ်ဥက္ကဌဖလားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲအဖြစ်မြို.ခံပြိုင်ဘက်
အဲလေမှားလို. ရွာခံပြိုင်ဘက် ကန်သာစီးတီးအသင်းနှင့်
ယှဉ်ပြိုင်ဗိုလ်လုရမည်ဖြစ်သည်။သို.သော်ယနေ.ကစားမည့်ဗိုလ်လုပွဲသည်သာမန်ဗိုလ်လုပွဲများနှင့်မတူ၊ ထူးခြားသည်။
အကြောင်းမှာယနေ.ဘောလုံးပွဲသို.မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း၏ဘောလုံးသမားရှာဖွေရေး
ကင်းထောက်များလာကြည့်ကာခြေစွမ်းပြနိုင်သောဘောလုံးသမားများအားခေါ်ယူ စာချုပ်ချုပ်မည်ဖြစ်သောကြောင့်ဖြစ်သည်။
ညောင်ပင်သာယူနိုက်တက်တိုက်စစ်မှုးများဖြစ်သောမတ်စိနှင့်တိုလေးတို.နှင့် အပြိုင်ကန်သာစီးတီးတိုက်စစ်မှုးများဖြစ်သော
တရုတ်ကလေးရာကွတ်နှင့်ကုလားကလေးရှောက်လီတို.လည်းရေပန်းစားနေသည်။ ထို.ကြောင့်ယနေ.ပွဲတွင်ယခင်ပွဲများထက်ပိုမိုခြေစွမ်းပြနိုင်မှသာရန်ကုန်ယူနိုက်တက်အသင်း၏ခေါ်ယူစာချုပ်ခြင်းကိုခံရမည်ဖြစ်သည်။ဤသို.ဖြင့်ဘောလုံးပွဲစလေပြီ။
ပထမပိုင်းဖာဂူစံကိုင်တွယ်သောအလှည့်တွင်သူ.သားတိုလေးကိုပိုမိုခြေစွမ်းပြစေချင်သောကြောင့် ကိုရင်ညို၏သားမတ်စိကိုထည့်မကစားပေ။ ထို.ကြောင့်တိုလေး၏ခြေစွမ်းပြဂိုးသွင်းမှုများဖြင့်ပထမပိုင်းတွင်ညောင်ပင်သာယူနိုက်တက်အသင်းက
သုံးဂိုး၊ဂိုးမရှိဖြင့်ဦးဆောင်နိုင်ခဲ့သည်။ဒုတိယပိုင်းကိုရင်ညိုကိုင်တွယ်သောအလှည့်တွင်ခြေစွမ်းပြဂိုးသွင်းနေသော
ဖာဂူစံ၏သားတိုလေးကိုထုတ်ကာသူ.သားမတ်စိကိုထည်.သွင်းကစားလေသည်။ဒုတိယပိုင်းတွင်လည်းမတ်စိ၏ခြေစွမ်းပြမှုဖြင့်
နောက်ထပ်သုံးဂိုးထပ်သွင်းကာပွဲအပြီးတွင်ညောင်ပင်သာယူနိုက်တက်အသင်းကခြောက်ဂိုး
ဂိုးမရှိဖြင့်အနိုင်ရဗိုလ်စွဲသွားသည်။
ပွဲအပြီးတွင်ရန်ကုန်ယူနိုက်တက်ကင်းထောက်များကမတ်စိနှင့်တိုလေးတို.၏ခြေစွမ်းကိုသဘောကျကာ တစ်ယောက်လျှင်ပြောင်းရွှေ.ကြေးသိန်းသုံးရာ၊လစာငွေသိန်းနှစ်ဆယ်စီဖြင့်ခေါ်ယူစာချုပ်ချုပ်လိုက်သည်။ မတ်စိနှင့်တိုလေးတို.မှာနေ.ချင်းညချင်းချမ်းသာသွားကြသည်။ ကောင်မလေးများအကြားတွင်လည်းပေါ်ပြူလာဖြစ်လာသည်။တစ်ချိန်ကသူတို.ကိုအဖက်မလုပ်သော
ရွာကွမ်းတောင်ကိုင်ခင်မှုန်တောင်မှကိုကိုစိ ၊ ကိုကိုတိုဆိုပြီးဖြစ်လာသည်။မတ်စိရဲ.ချစ်သူဂွတ်ထော်နှင့်တိုလေးရဲ့ချစ်သူပုလုံးတို.လည်း
ရွာထဲမှာအကြော်လျှောက်မရောင်းကြတော့။ သုတို.ကိုသူတို. WAGS (ဘောလုံးသမား၏ချစ်သူ )တွေဟုဆိုကာ shoppingထွက်ဖို.လောက်ဘဲစဉ်းစားနေသည်။ ဒီလိုနဲ.မတ်စိနှင့်တိုလေးတို.၏ခြေစွမ်းပြမှုများကြောင့်ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းမှာ
မြန်မာနေရှင်နယ်လိဂ်တွင်နှစ်နှစ်ဆက်တိုက်ဗိုလ်စွဲနိုင်ခဲ့သည်။
မတ်စိနှင့်တိုလေးတို.လည်းမြန်မာနိုင်ငံတွင်သာမကမ္ဘာအနှံ.ကျော်ကြားလာခဲ့သည်။
ကမ္ဘာကျော်တွေကိုတစ်နှစ်တစ်ယောက်ခေါ်ယူနေသောနာမည်ကြီးရီးရဲမက်ဒရစ်ဘောလုံးအသင်းက မတ်စိနှင့်တိုလေးတို.ကိုတစ်ဦးလျှင်ပေါင်သန်းတစ်ရာစီဖြင့်ခေါ်ယူရန်ကမ်းလှမ်းခဲ့သော်လည်း ရန်ကုန်ယူနိုက်တက်အသင်းမှပယ်ချခဲ့သည်။
နောက်ဆုံးမတ်စိနှင့်တိုလေးတို.ကိုမခေါ်ယူနိုင်ခဲ့သောကြောင့်မန်ယူအသင်းမှစီရော်နယ်ဒိုနှင့် အေစီမီလန်အသင်းမှကာကာတို.ကိုမခေါ်ချင်ခေါ်ချင်နှင့်ခေါ်လိုက်ရသည်ဟုသိရသည်။ မတ်စိနှင့်တိုလေးတို.သည်ရန်ကုန်ယူနိုက်တက်အသင်း၌သာမက
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတွင်လည်း ခြေစွမ်းပြကာ အောင်မြင်မှုများရယူနိုင်ခဲ့သည်။
ယခုလည်းသူတို.နှစ်ယောက်ရဲ့စွမ်းဆောင်မှုကြောင့်မြန်မာဘောလုံးအသင်းသည် ကမ္ဘာ.ဖလားခြေစစ်ပွဲအောင်မြင်ကာအင်္ဂလန်နိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ကမ္ဘာ.ဖလားပြိုင်ပွဲကြီးကိုဝင်ရောက်ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။
ပြိုင်ပွဲတွင်မြန်မာအသင်းကအုပ်စုတွင်းပြိုင်ဘက်ပေါ်တူဂီ ၊
ဂျာမနီနှင့်အီတလီအသင်းတို.ကိုကျော်ဖြတ်ကာ
အုပ်စုပထမဖြင့်ရှုံးထွက်အဆင့်သို.တက်ရောက်သွားခဲ့သည်။ထို.နောက်ရှုံးထွက်အဆင့်တွင်စပိန်၊
ကွာတားဖိုင်နယ်တွင်အာဂျင်တီးနား ၊
ဆီမီးဖိုင်နယ်တွင်ဘရာဇီးတို.ကိုကျော်ဖြတ်ကာအိမ်ရှင်အင်္ဂလန်အသင်းနှင့်
ဝင်ဘလေကွင်းကြီးတွင်ဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်ကစားရတော့မည်ဖြစ်သည်။ သို.သော်အရှေ့တောင်အာရှအသင်းဖြစ်သော မြန်မာအသင်းအနေဖြင့်ယခုလိုဗိုလ်လုပွဲသို.တက်ရောက်နိုင်သော်လည်းမည်သူကမှအထင်မကြီး။
ကြက်ကန်းဆန်အိုးတိုးကာတက်ရောက်လာသည်ဟုထင်ကြသည်။ ယခုဗိုလ်လုပွဲတွင်အိမ်ရှင်အင်္ဂလန်အသင်းကိုတော့
မရှုမလှရှုံးနိမ့်လိမ့်မည်ဟုအားလုံးကထင်ကြေးပေးကြသည်။ လောင်းကစားဒိုင်များကလည်းဒီပွဲကိုအင်္ဂလန်အသင်းဘက်မှ
သုံးလုံးအရှုံးပေးသည်။လေးဂိုးသွင်းမှနိုင်မည်ပေါ့။ ထို.ကြောင့်မြန်မာပြည်သူများကမခံမရပ်နိုင်ဖြစ်ကာကိုယ့်မှာရှိသော
စည်းစိမ်အကုန်ပုံအောကာမြန်မာအသင်းဘက်မှလောင်းကြေးထပ်ကြသည်။ ညောင်ပင်ရွာမှလယ်သမားကိုဖိုးတုတ်ဆိုလျှင်
သူ.မှာရှိသောပိုက်ဆံအကုန်အပြင်အိမ်မှာရှိသောသူ.မိန်းမထမိန်ပါမကျန် ၊
နောက်ဆုံးသူ.မိန်းမပါထည့်လောင်းမည်ဟုဆိုသည်။
သူ.မိန်းမကိုထည့်လောင်းချင်တာကသူ.မှာအကြံရှိသည်။ရှုံးသွားခဲ့လျှင်လည်းနားအေးတယ်ပေါ့၊ တကယ်လို.နိုင်ခဲ့ရင်လည်း
နောက်တစ်ယောက်ထပ်ရတယ်ပေါ့ ။
ရှုံးရှုံးနိုင်နိုင်သူ.အတွက်အဆင်ပြေတယ်လေ။ဒါပေမယ့်ဒိုင်ကလက်မခံ။
ကမ္ဘာ.ဖလားပြိုင်ပွဲဖြစ်သောကြောင့် ပြိုင်ပွဲအဆင့်အတန်းနှင့် ကိုက်ညီမှုရှိရန်အလောင်းအစားကိုလည်း
အဆင့်မြင့်မြင့်လောင်းစေချင်သည်။ ထမိန်တို.
မိန်းမတို.မပါစေချင်။ဒီလိုနှင့်ကိုဖိုးတုတ်လည်းသူ.မှာရှိသောငွေငါးထောင်ကိုသာ
ထည့်လောင်းလိုက်ရသည်။ဒီလိုနှင့်ဘောလုံးပွဲစတင်မည့်အချိန်နီးကပ်လာသည်။ ရန်ကုန်မြီု.၏လမ်းဆုံလမ်းခွများတွင်လည်း
ပရိုဂျက်တာများထောင်ကာဘောလုံးပွဲကိုတိုက်ရိုက်ပြသသည်။ လမ်းမပေါ်တွင်လည်းကျိတ်ကျိတ်တိုးစည်ကားနေသည်။
ဒီလိုနှင့်ဘောလုံးပွဲစလေပြီ။ပွဲစတာနှင့်အင်္ဂလန်အသင်းက အိမ်ရှင်အသင်းပီပီတရစပ်တိုက်စစ်ဆင်ကစားသည်။မြန်မာအသင်းမှာ
ခံစစ်သက်သက်ကစားနေရသည်။မတ်စိနှင့်တိုလေးတို.မှာလည်းယနေ.ပွဲတွင်ခြေစွမ်းပြနိုင်လျှင် ကမ္ဘာ.အကောင်းဆုံးဘောလုံးသမားဆု
ရရှိနိုင်မည်ဖြစ်သောကြောင့် တစ်ကိုယ်ကောင်းဆန်စွာကစားကြသဖြင့် ထိရောက်စွာတိုက်စစ်မဆင်နိုင်ကြပေ။
ထို.ကြောင့်အင်္ဂလန်အသင်းကပွဲချိန်မိနစ်နှစ်ဆယ်တွင်တစ်ဂိုး ၊မိနစ်သုံးဆယ်တွင်တစ်ဂိုး ၊
မိနစ်လေးဆယ်တွင်တစ်ဂိုးနှင့် လေးဆယ့်ငါးမိနစ်တွင်တစ်ဂိုးသွင်းကာ ပထမပိုင်းအပြီးတွင်လေးဂိုး
ဂိုးမရှိဖြင့်ဦးဆောင်နိုင်ခဲ့သည်။
မြန်မာပရိသတ်များလည်းစိတ်ဓာတ်ကျနေကြသည်။ ဒီပုံစံအတိုင်းဆိုလျှင်မြန်မာအသင်းအနေဖြင့်နိုင်ဖို.မပြောနှင့်နောက်ထပ်
ဘယ်နှစ်ဂိုးထပ်ပေးရမလဲကိုသာစောင့်ကြည့်ရတော့မည်။ မိမိတို.လောင်းထားသောရှိသမျှစည်းစိမ်များလည်းရှုံးပြီဟုတွေးရင်း
စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။ဒီလိုနဲ့ဒုတိယပိုင်းပြန်စလေပြီ။
ဒုတိယပိုင်းတွင်လည်းအင်္ဂလန်အသင်းကသာဖိကစားလျက်ရှိသည်။
မတ်စိနှင့်တိုလေးတို.မှာလည်းတစ်ကိုယ်ကောင်းဆန်နေသဖြင့်အချိတ်အဆက်မမိပေ။
ဒီလိုနှင့်ပွဲကစားချိန်မိနစ်ရှစ်ဆယ်လောက်အရောက်တွင် မြန်မာအသင်းနည်းပြအနေဖြင့် လက်ထောက်နည်းပြနှင့်တိုင်ပင်ကာ
ဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချလိုက်သည်။ ထို.နောက်ဘောလုံးသမားတစ်ယောက်ဒဏ်ရာရလို.ခဏနားနေချိန်
မတ်စိနှင့်တိုလေးတို.ကိုခေါ်ကာဘောင်းဘီထဲမှအရာဝတ္ထုတစ်ခုကိုထုတ်ယူလိုက်လေသည်။
ထိုအရာဝတ္ထုမှာဘာမှထူးထူးခြားခြားမဟုတ်။ လူငယ်များနားထောင်သောMP3 PLAYER လေးတစ်ခုသာဖြစ်သည်။
ထို.နောက်မတ်စိနှင့်တိုလေးတို.အားတစ်ယောက်ကိုနားကြပ်တစ်ဖက်စီတက်ကာနားထောင်ခိုင်းလိုက်သည်။
ထိုမြင်ကွင်းကြောင့်ပရိသတ်အားလုံးအံ့အားသင့်သွားသည်။ အင်္ဂလန်ပရိသတ်များက၀ိုင်းဝန်းလှောင်ပြောင်ကြသည်။
မြန်မာပရိသတ်များကလည်းငါတို.နည်းပြကြီးဂိုးပြတ်ရှုံးနေတာနှင့်ကြောင်သွားပြီးမတ်စိနှင့်တိုလေးတို.ကို သီချင်းတွေလျှောက်နားထောင်ခိုင်းနေပြီ။ဘာသီချင်းတွေလဲ၊ ကျားပေါက်လား ၊J ME လား ၊PUNK
သီချင်းလား ၊RAP သီချင်းလားဆိုပြီးထင်နေကြသည်။
မတ်စိနှင့်တိုလေးတို.မှာတစ်မိနစ်ခန်.နားထောင်အပြီးတွင်သူတို.၏စိတ်ဓာတ်များတက်ကြွလာကာ၊
ဘာမဆိုအောင်မြင်အောင်ရင်ဆိုင်နိုင်မည့်ပုံစံများဖြစ်လာသည်။ အမှန်တကယ်တော့မြန်မာနည်းပြကြီးနားထောင်ခိုင်းသောသီချင်းမှာ
ကျားပေါက်လည်းမဟုတ်၊ J ME လည်းမဟုတ်၊ PUNK လည်းမဟုတ၊် RAPလည်းမဟုတ်ပေ။
ကျွန်တော်တို.မြန်မာနိုင်ငံ၏နိုင်ငံတော်သီချင်းပင်ဖြစ်ပေသည်။ မတ်စိနှင့်တိုလေးတို.သည်နိုင်ငံတော်သီချင်းကိုနားထောင်ကာ
မျိုးချစ်စိတ်ဓာတ်များဖြစ်ပေါ်လာပြီး စိတ်ဓာတ်တက်ကြွလာခြင်းပင်ဖြစ်သည်။ ထို.နောက်တစ်ဦးနှင့်တစ်ဦးတစ်ကိုယ်ကောင်း
မဆန်တော့ဘဲအချိတ်အဆက်မိမိနှင့်ကစားကာမိနစ်ရှစ်ဆယ်တွင်တစ်ဂိုး ၊
ရှစ်ဆယ့်နှစ်မိနစ်တွင်တစ်ဂိုး ၊ ရှစ်ဆယ့်ငါးမိနစ်တွင်တစ်ဂိုး၊
မိနစ်ကိုးဆယ်တွင်တစ်ဂိုးနှင့်နာကျင်အချိန်ပိုတွင်တစ်ဂိုးသွင်း ကာအိမ်ရှင်အင်္ဂလန်အသင်းကိုငါးဂိုးလေးဂိုးဖြင့်အနိုင်ရဗိုလ်စွဲပြီး
ကမ္ဘာ.ချန်ပီယံဖြစ်လာခဲ့သည်။ မြန်မာပရိသတ်များကလည်းမြန်မာအသင်းကမ္ဘာ.ချန်ပီယံဖြစ်ခြင်းနှင့်သေချာပေါက်ရှုံးပြီဟု
ထင်ထားသောလောင်းကြေးများပြန်လည်အနိုင်ရရှိသဖြင့် အလွန်အမင်းဝမ်းမြောက်ဝမ်းသာဖြစ်ကာ ရန်ကုန်မြို.အနှံ့ညလုံးပေါက်အောင်ပွဲခံအခမ်းအနားများကျင်းပကြသည်။ညဘက် ၈
နာရီကျော်လျှင်အပြင်ထွက်ခွင့်မရသောကောင်မလေးများက
မြန်မာအသင်းကိုဂုဏ်ပြုချင်သည်ဟုဆိုကာ အပြင်ထွက်လာပြီးချစ်သူတွေနှင့်ချိန်းတွေ.ကြသည်။
မြန်မာအသင်းကိုဂုဏ်ပြုသောအားဖြင့်TAXI ကားများက 50% discount
ဖြင့်ပြေးဆွဲပေးကြသည်။ဟိုနားဒီနားသွားလိုလျှင်ဆိုက်ကားသမားများကပိုက်ဆံမယူ
အလကားလိုက်ပို.ပေးသည်။
စည်ဘီယာဆိုင်များက မြန်မာဘီယာတစ်ခွက်သောက်လျှင် ဘဲကင်တစ်စိတ်အလကားကျွေးသည်။
(တန်တယ်ဆိုပြီးကျွန်တော်တောင်၎ခွက်သောက်လိုက်သေးသည်)

ဘီယာဆိုင်တွင်သီချင်းဆိုသောကောင်မလေးများက "ဦးနှင့်သမီး
"သီချင်းအစား"ဂိုးသွင်းကောင်းတဲ့ကိုကို"သီချင်းကိုပြောင်းဆိုသည်။
နိုက်ကလပ်များတွင်လည်း dj remix များမဖွင့်ဘဲ "တို.မြန်မာနိုင်ပြီ
"သီချင်းကိုဖွင့်ကာကခုန်ကြသည်။
မြို.အနှံ့တွင်လည်းအောင်ပွဲခံအခမ်းအနားများဖြင့်စည်ကားနေသည်။ထိုစဉ်ဘောလုံးပွဲပြသောပရိုဂျက်တာများမှသတင်းတစ်ခုထွက်ပေါ်လာသည်။ ထိုသတင်းမှာလာမည့်ကမ္ဘာ.ဖလားဘောလုံးပြိုင်ပွဲအားမြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်
ရရှိကြောင်းပင်ဖြစ်သည်။ထိုသတင်းမှာမြန်မာပြည်သူများအတွက်အချိုပေါ်သကာလောင်းသကဲ့သို. ပို၍ချိုမြိန်လှသည်။
သိပ်မကြာမီနောက်ထပ်သတင်းတစ်ခုထွက်ပေါ်လာသည်။ ၄င်းသတင်းသည်မြန်မာပြည်သူတွေအတွက်ကမ္ဘာ.ဖလားအိမ်ရှင်အဖြစ်
လက်ခံကျင်းပခွင့်ရရှိခြင်းထက်အဆပေါင်းများစွာပိုမိုပျော်ရွှင်ကြသည်။၎င်းသတင်းမှာ
မြန်မာဘောလုံးအသင်းကမ္ဘာ.ဖလားတွင်ဗိုလ်စွဲနိုင်ခြင်းနှင့်မြန်မာနိုင်ငံမှကမ္ဘာ.ဖလားပြိုင်ပွဲကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိခြင်းကိုဂုဏ်ပြုသောအားဖြင့်ယနေ.မှစ၍မြန်မာနိုင်ငံတစ်ဝန်းလုံးအား ၂၄
နာရီလျှပ်စစ်မီးပေးတော့မည်ဆိုသောသတင်းပင်ဖြစ်သည်။ ။
ဖျက် .......ဟာကွာ..တောက်..... ရေးလို.ကောင်းနေတုန်းမီးကပျက်သွားပြီ။ အင်း...ဘာလုပ်ရင်ကောင်းမလဲ
အိပ်တာဘဲကောင်းပါတယ်လေ ..Z z Z z Zz Z z Z z Z z Z z....ခူးခူး..ခလောခလောခလော....ခွီးခွီးခွီး............  ;D;D;D;D;D

မြန်မာဘောလုံးအသင်းအားအရှေ့တောင်အာရှတွင်သာမကကမ္ဘာ.ဖလားပြိုင်ပွဲတွင်အောင်မြင်စေချင်သော ဆန္ဒဖြင့်စိတ်ကူးယဉ်ရေးသားပါသည်။ ။ ။ ။ ။

No comments:

Post a Comment