ပထမတစ်ယောက်
ငါ့ပခုံးပေါ်ရောက်လာတယ်။
နောက်တစ်ယောက်
ပထမရောက်တဲ့
လူရဲ့ ပုခုံးပေါ်တက်လာပြန်တယ်။
ဟော
ပြောရင်းဆိုရင်း
ငါ့ကိုတွယ်လျက်
တစ်ယောက်တက်ပြန်ပြီ
ဒုတိယလူကိုကျော်
ပထမလူပခုံးပေါ် သူရောက်သွားပြီ။
သူဟာ
ကွာဝေးခြင်းမရှိတဲ့
လက်တစ်ကမ်းက
အောင်ပန်းကို ဆွတ်ယူလိုက်တယ်။
သူဟာ
ပြုံးကာရယ်ကာ
ကြာမြင့်စွာပဲ၊ မဟာအောင်ပွဲခံ သူရဲကောင်းလို
ငါတို့ကိုယ်ပေါ်၊ ပခုံးပေါ်မှာ ရပ်နေတယ်။
အောက်ခြေက တို့ကို
အလိုလို သူမေ့သွားပြီ။
အောက်ဆုံးကငါ
ကြာမြင့်စွာရပ်
ခြေဆတ်ဆတ်တုန်
လှုပ်ရှားရုံနဲ့၊ ပုံစံရွှေ့ပျက်
ငါ့ကိုယ်ထက်က၊ ခွေးကျကျပြီး
သေရော့မယ်။ ။
No comments:
Post a Comment