Ò_Ó
- ခွန်ထက်အောင်လှိုင်
- Taunggyi, Shan State, Myanmar (Burma)
- Join me on Facebook - Khun Htet Aung Hlaing -
Thursday, January 26, 2012
ကော်ဖီတစ်ခွက် နဲ့ အတွေး
လက်ဖက်ရည်ဆိုင် ထိုင်ရင်း
ကော်ဖီခွက်ကို ကိုင်
အတွေးတစ်ချို့ နယ်ချဲ့မိတယ်
ကောင်းကင်သာ မရှိရင်
လူတွေအပေါ်မော့ကြည့်ရင်
ဘာတွေ့ရမလဲ
ကောင်းကင်သာမရှိရင်
" နေ " ရောရှိပါ့မလား
မြေကြီးရဲ့အောက်ဆုံးမှာ
ငရဲရှိတယ်တဲ့
ကောင်းကင်မှာ နတ်သားတွေ နတ်သမီးတွေ
ရှိတယ်တဲ့
ငယ်ငယ်က ကြားဖူးတယ်
သဘောင်္က ရေပေါ်မှာသွားတယ်
ပင်လယ်မရှိရင်
ရေလမ်းခရီးရှိလာမှာမဟုတ်ဘူး
တစ်ခုနဲ့တစ်ခု ဆက်စပ်နေကြတယ်
သကြား ချိုတာ
ဘယ်သူ အရင်ဆုံးတွေ့ရှိတာလဲမသိဘူး
ရူးချင်လာပြီ
ဘာတွေမှန်းမသိဘူး
ကော်ဖီတောင်အေးသွားပြီ
သောက်လိုက်ဦးမှပဲ. . . ။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment