Ò_Ó

My photo
Taunggyi, Shan State, Myanmar (Burma)
Join me on Facebook - Khun Htet Aung Hlaing -

Tuesday, January 17, 2012

အမေ



ရင်မှာ ထာဝရ
အမြဲဂါရ၀များစွာနှင့်
လက်ဆယ်ဖြာယှက်မိုး
ရှိခိုးဦးချ ကန်တော့မိပါ၏။

ကိုးလလွယ် ဆယ်လဖွား
“အမေ့”ရဲ့ ရင်ငွေ့
“အမေ့” ရဲ့ ချစ်ခြင်းမေတ္တာများစွာနဲ့
လူလားမြောက်ခဲ့တာပါ “အမေ”..။

ပုခက်ထဲကသားလေးရဲ့
အနာဂတ်လှပရေးအတွက်
အမုန်းခံ ဆိုဆုံးမခဲ့တဲ့
“အမေ့” ရဲ့ မေတ္တာစစ်ကို
သားဘယ်လိုမှ မဖော်ကျူးနိုင်ခဲ့ပါ။

နေ့ရက်ဟောင်း ရာသီပြောင်း
နှစ်တွေကြာညောင်းခဲ့ပေမယ့်
“အမေ့”ရဲ့ ဆုံးမစကားတွေက
နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ
ပန်းတွေလို ရနံ့ သင်းနေဆဲပါ... “အမေ”။

No comments:

Post a Comment